Tuesday, October 15, 2013

ကံထူးသူများကယ်တင်ရှင်ပေါ်

အမေရိကန်သူကိတ်က လဘက်ရည်ဆိုင်မှာ အလုပ်လုပ်နေတဲ့ ညာဘက်ကခလေးကို ခေါ်ယူလာပြီး ဇေတ၀န်မှာ ကျောင်းအပ်ပေးခဲ့ပါတယ်။ မိဘတွေစားဝတ်နေရေးအတွက် တလ(၃ သောင်း)ထောက်ပံ့တယ်။ ဘယ်ဘက်က ခလေးကိုတော့ စာသင်ရာမှာ ကုန်ကျစရိတ်တွေ ဘုန်းဘုန်းကို အပ်ခဲ့တယ်တဲ့။ ကဲ ကံထူးသူများ ကယ်တင်ရှင်ပေါ်သွားကြတယ်နော်။

အမေရိကန်သူ မာရီယန်ကိုသိလားလို့မေးရင် အကုန်သိတယ်။ မာရီယန်ရဲ့ မြင့်မြတ်သော နှလုံးသားကို သူတို့အသိအမှတ်ပြုကြတယ်။ ဒီခလေးများရဲ့ချစ်သော မာရီယန်ပါ။ ဒီခလေးများက ချစ်သောမာရီယန်ပါ။

ဇေတ၀န် စက်တင်ဘာပုံရိပ်များ ၂

အသစ်စက်စက် မိဘဂုဏ်ရောင် ဆွမ်းစားဆောင်နှင့် ဆရာတော် ဦးအာဒိစ္စ။
ကျမသွားလည်တဲ့အခါမှာ အင်္ဂလိပ်သီချင်းတပုဒ်နဲ့ ဧည့်ခံကြိုဆိုတဲ့ လလေးများ 
ကျောင်းဆရာဘ၀မှ သံဃာဘ၀သို့ ကူးပြောင်းခဲ့ပြီး တရားလည်းအားထုတ် စာလည်းသင်ကြားနေတဲ့ ဦးဇင်းလေး ဦးဝိစက္ခဏ

ဇေတ၀န်ကျောင်း၏ စက်တင်ဘာလ ပုံရိပ်များ

ဇေတ၀န်ဆ၇ာတော် ဦးအာဒိစ္စမှ ဆရာမ ဒေါ်အုန်းကြည်အား အားချိန်တွင် မြတ်စွာဘုရား၏ နိပတ်တော်များအား ဟောကြားနေစဉ်

အခမဲ့စာသင်ခွင့်ရသည့်အတွက် ကြိုးကြိုးစားစား စာသင်နေကြသော ကျောင်းသူကျောင်းသား သီလရှင်ဆရာလေးများ

ခေတ်နဲ့အညီတပြေးညီလိုက်မည့် သီလရှင်ဆရာလေးများ ကျောင်းဆင်းချိန်

ဇေတ၀န်၏ အခမဲ့ပညာဒါန ပုံရိပ်စစ်များ

ဇေတ၀န်ကျောင်းဆင်းချိန် အိမ်အပြန်သို့

(၄)တန်းခလေးများ အခမဲ့စာသင်ခွင့်ရပြီးပညာဒါနကို ရယူနေကြပြီ

ဆရာမ ဒေါ်အုန်းကြည်နှင့် ကျောင်းသားလေးများ အပူရှိန်ကြောင့် အရိပ်တွင်စာသင်နေစဉ်

Friday, May 31, 2013

စာသင်ခန်းနဲ့ စာမေးပွဲ

အဘိဓမ္မာစာမေးပွဲဖြေဆိုနေကြတဲ့ ကျောင်းသူကျောင်းသား သီလရှင်လေးများ

စာသင်ခန်းထဲမှာ တော့ တပြုံးပြုံးနဲ့

စာသင်ခန်းထဲမှာ စိတ်ဝင်စားစွာ ဆရာ့သင်ကြားနားစိုက်ထား။

ရိုးသား ကြိုးစား ကံ ဥာဏ်ဝိရိယ အားစိုက်ထုတ် လုံလထား ဒီစာမေးပွဲတိုင်းဟာ ဘ၀တိုက်ပွဲရဲ့ အဆင့်တွေ အများကြီးထဲက တစ်ခုဘဲ။

ဇေတ၀န်မှ လှုပ်ရှားမှုပုံရိပ်များ

လူမှုအကျိုးဆောင်လုပ်ငန်းများမှ ရုပ်ရှင်မင်းသားကျော်သူ၊ ဇေတ၀န်ဆရာတော် ဦးအာဒိစ္စအား လာရောက်တွေ့ဆှုံ၍ အခမဲ့ပညာသင်ကျောင်းကိစ္စများအား ဆွေးနွေးကြစဉ်

အဘိဓမ္မာသင်တန်းသူလေးများ၊ သီလရှင်နှင့် ဇေတ၀န်နာယက ဆရာတော်

ဆရာတော်ဘုရား၏ သြ၀ါဒခံယူအပြီး ဆရာတော်နှင့်အမှတ်တရ ဇေတ၀န်ကျောင်းသားများ

စာသင်ခန်းထဲတွံင် စာသင်ကြားနေသော ကျောင်းသူကျောင်းသားများနှင့် ဆရာ၊ ဆရာမ

ဇေတ၀န်ကျောင်းတွင် စာလည်းသင်ကြားပေးသော ဦးဇင်း ဦးဇောတိသ
ယဉ်ကျေးလိမ္မာစာမေးပွဲဖြေဆိုကြသည့် ကျောင်းသူကျောင်းသားလေးများနှင့် ဇေတ၀န်ဆရာတော်


Sunday, February 17, 2013

ဇေတ၀န်ရောက်နိုင်ငံခြားသားများ

ဇေတ၀န်ကျောင်း၏ နာယကဆရာတော်အရှင် အာဒိစ္စ (၀ိနယ ၀ိဒူ)
ဇေတ၀န်ကျောင်းသိုအောက်တိုဘာလ ၂၀၁၂ တွင့် လေ့လာရေးလာရောက်သွားသော စတန်နှင့်ဇနီးကို ဇေတ၀န်ကျောင်း၏ အကျဉ်းချုပ်စာရွက်စာတမ်း အားကိုင်၍ ဆရာတော်နှင့်အတူ အမှတ်တရ ဓါတ်ပုံရိုက်ကူးသွားစဉ်



စတန်မှ အောက်တိုဘာတွင် ဇေတ၀န်သို့လာရောက်ပြီး လှူဒါန်းသည့်အကြောင်းများရေးထားပြီး ဆရာတော်အား ထပ်မံလာရောက်မည်ဖြစ်ကြောင်း စာဖြင့်နှုတ်ဆက်ခြင်း။

စတန်မှ ဇေတ၀န်တွင်လာရောက်စဉ် ရိုက်ကူးသွားသောဓါတ်ပုံမှာ ဓါတ်ပုံပြိုင်ပွဲတွင်ဆုရသဖြင့် ဆရာတော်ထံသို့ ဆုရသဖြင့် သူငယ်ချင်းများအား ဧည့်ခံကြောင်း ဓါတ်ပုံများပို့ခဲ့ရာ ၄င်းထဲမှ ပုံတပုံဖြစ်ပါသည်။

စတန်၏ စာအားပြန်ရေးရသော်

We foundly think of our visit to your education center in October. Your achievement and success of the school is remarkable.
We thank you so much for your hospitality. We enjoyed that delightful lunch with you and your staff. We hope our contribution of US$ 330 will help supporting your effort, give the children some material to work with.
We say ; God bless
Stan and Dsrde
p.s : We hope you like the photos, we also hope to visit you again.
(Dec 2012)

To Bhandata Ar Deik Sa ဟုဖြစ်ပါသည်။ 
ကျမသည် (၁၁-၂-၂၀၁၃) နေ့ညတွင် ဇေတ၀န်ကျောင်းသို့ ဆရာတော့်အားကန်တော့ရန် ရောက်ရှိခဲ့ပါသည်။ နောက်တနေ့မနက်တွင်ရေဆင်းသို့ပြန်မည်ဖြစ်သဖြင့် ဆရာတော်အားအမိအရ ကန်တော့ခြင်းဖြစ်ပါသည်။ ဇေတ၀န်ကျောင်းထဲဝင်ရောက်သည်နှင့် ညကြီးမင်းကြီး စာဖတ်သံကိုကြားရပါသည်။ ယခင်နှစ်က (၁၀)တန်းအောင်သွားသော ကျောင်းသားလေးမှ ယခုနှစ်တွင် ခလေးများအားပြန်စာပြနေခြင်းဖြစ်ပါသည်။
ဆရာတော်မှ ဇေတ၀န်၏ လှုပ်ရှားမှုပုံများ မတင်ဖြစ်တာကြာပြီဖြစ်တဲ့အတွက် ထပ်တင်ပေးရန်ပြောသည့်အတွက် ဇေတ၀န်၏လှုပ်ရှားမှုဓါတ်ပုံများကို တင်လိုက်ရပါသည်ရှင်။